NAME CHECKER APP


Comments

🗨️ Comments

Please login to post a comment.



phyuphyumyint1987@gmail.com: ပါဠိ-ရိုမန်မှာ တာဝတိံသာ လို့ရေးတာ Tāvatiံsā (ံ)အဲဒါပါနေတယ်။
2025-11-24 04:53
dr.thantzinaung24@gmail.com: ပြင်ဆင်ပြီးဖြစ်ပါတယ်။
2025-11-24 12:57
nltun.mhdc@gmail.com: သီရိ (Thiri) ခတ္တာ (Khattar) အစရှိသည့် စကားလုံးများသည် လူအမည်ဖြစ်စေ ပန်းအမည် / အရာဝတ္ထုဖြစ်စေ နှစ်လုံးတွဲလျက်သာလျှင် အဓိပ္ပါယ်ရှိသော စကားလုံးများဖြစ်ပါသည်။ အဆိုပါစကားလုံးများထဲမှ နီလာ စာလုံးအတွဲကို ပါဠိတွင် Nīlā ဟုဖော်ပြထားသော်လည်း မြန်မာတွင် Ne Lar ဖြစ်နေပါသည်။ ပါဠိ-ရိုမန်နှင့် ဆင်တူသည့် စာလုံးပေါင်းဖြစ်သည့်အတွက် (မြန်မာစကားတွင်လည်း တွဲရေးမှသာမှန်ကန်သည့်အတွက်) Nilar ဖြစ်သင့်ပါသည်။ အလားတူ စံပယ်ပန်း မှ စံပယ်အတွက်လည်း ထို့အတူပင် ဖြစ်ပါသည်။
2025-11-24 07:30
dr.thantzinaung24@gmail.com: မြန်မာနာမည်မှာပါတဲ့ ပါဠိသက်စကားလုံး​တွေကို ပူးတွဲ​​ဖော်ပြ​ပေးရမယ်ဆိုတာ မှန်ပါတယ်။ ပါဠိသက်နာမည်​တွေကို ဖလှယ်တဲ့အခါ မြန်မာနာမည်အတွက် ဖလှယ်​ပေးရတဲ့ လုပ်​ဆောင်မှုမျိုးသာမက ပါဠိသက်စကားလုံးကို ပူး​ပေးရတဲ့ လုပ်​ဆောင်မှုမျိုးပါ ပါရှိတဲ့အတွက် သီးခြားစု​ဆောင်းပြီး ခြွင်းချက်အဖြစ် ထည့်ထားရပါတယ်။ နီလာ၊ စံပယ် ဆိုတဲ့စကားလုံး​တွေကလဲ App မှာ ခြွင်းချက်စကားလုံးများအဖြစ် ပြုစုထည့်သွင်းခဲ့စဉ်က ကျန်ခဲ့ခြင်းဖြစ်ပါတယ်။ ​ပါဠိသက်အဖြစ် ခြွင်းချက်ထည့်သွင်းထားတဲ့ စကားလုံး​တွေဟာ ပါဠိ-ရိုမန်နဲ့ အနီးစပ်ဆုံးဖလှယ်​ပါတယ်။ နောက်ထပ်​ ကျန်ရှိ​နေနိုင်​သေးတဲ့ ပါဠိသက်စကားလုံး​တွေကိုလဲ ပြုစုထည့်သွင်းလျက်ရှိပါတယ်။
2025-11-24 12:57
miayeion@gmail.com: ပါဠိ စာကားလုံးများဖြစ်သော သီတာ၊ ဥမ္မာ၊ သူဇာ တို့ကို ယခု မြန်မာ-ရိုမန်တွင် ဖော်ပြပါရှိသော စာလုံးနှင့် ယခင် အသုံးပြုနေကျဖြစ်သော စကားလုံးများနှင့် အနည်းငယ်ကွာခြားသွား၍ ယခုဖော်ပြထားတာဘဲ သုံးရမည် ဟု information ပေးရမှာလားရှင့်
2025-11-26 06:36
dr.thantzinaung24@gmail.com: သီတာ၊ ဥမ္မာ၊ သူဇာ တို့နဲ့ အသံတူ သီဒါ၊ ဥုံမာ၊ အုမ္မာ၊ သုဇာလို့ အသုံးပြုလာခဲ့ရင် အရေးကွဲပြားအောင် ဖလှယ်ပေးနိုင်ဖို့အတွက် ပါဠိသက်စကားလုံးပါတဲ့ မြန်မာနာမည်တွေကို ဒီ App က ဖလှယ်ပေးတဲ့ စနစ်အတိုင်း အသုံးပြုရမှာ ဖြစ်ပါတယ်။
2025-11-27 03:09
miayeion@gmail.com: ပါဠိ စာကားလုံးများဖြစ်သော သီတာ၊ ဥမ္မာ၊ သူဇာ တို့ကို ယခု မြန်မာ-ရိုမန်တွင် ဖော်ပြပါရှိသော စာလုံးနှင့် ယခင် အသုံးပြုနေကျဖြစ်သော စကားလုံးများနှင့် အနည်းငယ်ကွာခြားသွား၍ ယခုဖော်ပြထားတာဘဲ သုံးရမည် ဟု information ပေးရမှာလားရှင့်
2025-11-26 06:36
sittnaing.mcrd@gmail.com: မြန်မာ အမည် စစ် ကို sit ဟု ဖော်ပြထားပါသည်။ sitt ဟု ဖော်ပြသင့်ပါသည်။
2025-11-27 03:31
dr.thantzinaung24@gmail.com: "အစ်" သရကို it နဲ့ ဖလှယ်တဲ့အတွက် "စစ်" ကို စာလုံးပေါင်းရာမှာ Sit လို့ ဖော်ပြခြင်းဖြစ်ပါတယ်။ "အစ်" သရက အသံ၊ အရေးရှုပ်ထွေးမှုမရှိတဲ့အတွက် ရိုမန်အက္ခရာအနည်းဆုံးနဲ့ အများစု ပေါင်းလေ့ရှိတဲ့ it နဲ့ ဖလှယ်ထားခြင်းဖြစ်ပါတယ်။ စသတ်ကို itt နဲ့ ဖလှယ်မယ်ဆိုရင် စသတ်ပါတဲ့ နာမည်တွေအားလုံး ပြင်ဆင်ဖို့ လိုအပ်သွားမှာဖြစ်ပါတယ်။ ရိုမန်အက္ခရာဖလှယ်ခြင်းဟာ နာမည်နဲ့ပတ်သက်ရင် အနက်အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက် ဘာသာပြန်ပေးတာမဟုတ်ဘဲ စံစနစ်တစ်ခုနဲ့အညီ အက္ခရာဖလှယ်နိုင်ဖို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီ App မှာ နာမည်တစ်ခုဟာ အခြားနာမည်တစ်ခုနဲ့ အသံ၊ အရေးကွဲပြားမှုရှိတယ်ဆိုရင် ဗျည်း၊ သရတွေ နှစ်ကြိမ်ထပ်အသုံးမပြုဘဲ ဖလှယ်ရအောင် အတတ်နိုင်ဆုံးစိစစ်ဆောင်ရွက်ထားပြီး လက်ရှိအသုံးပြုနေတဲ့ နာမည်တွေနဲ့လဲ ကွဲလွဲမှုအနည်းဆုံးဖြစ်ဖို့ ဖလှယ်ပေးထားပါတယ်။
2025-11-27 05:35


➕ Load More Comments

2025-11-23 ရက်နေ့မှ 2025-12-07 ရက်နေ့အထိ ပြသထားပါသည်။