NAME CHECKER APP
🗨️ Comments
Please login to post a comment.
test2@gmail.com: reply
test2@gmail.com: another comment
test2@gmail.com: test
haymarsoe120232@gmail.com: ဟေမာစိုး
yiyismile2025@gmail.com: ဘာလို့ မချိန်းတာလဲ
testing@gmail.com: This is perfect.
testing@gmail.com: Thats right.
test2@gmail.com: Mingalar The Heiုlla် Hma Nyarnm Kyyee Shin Thi Aryu Watdda Na Hsaye Hnnyunn Sar Ko Zalun Zzaye Baye Bbar Dam Pin Htet A Ddeikhttarn Lyet Ga Gga Na Nma Phat Khelt Thi Min
dr.thantzinaung24@gmail.com: သီဟိုဠ် စာလုံးပေါင်း ဖလှယ်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ မြန်မာနာမည်စာလုံးပေါင်းတွေနဲ့ ပတ်သက်ပြီး အသံတူ၊ အရေးကွဲပြားမှုကို စမ်းသပ်အကြံပြုနိုင်ပါတယ်။
zawlin.amd@gmail.com: မြန်မာ-ရိုမန်တွင် စာကြောင်းခွဲရိုက်လို့မရပါ။
ပါဠိ-ရိုမန် တွင် Convert မလုပ်ပါ။
fdanpt1@gmail.com: Hello
fdanpt1@gmail.com: Hi
fdanpt1@gmail.com: jlifhlerafhgwe3jfrd
zeyakyinyunt@gmail.com: ဇေယျ ကို မြန်မာ-ရိုမန်တွင် zayya ဟုလည်းကောင်း၊ ပါဠိ-ရိုမန်တွင် jeyy ဟုလည်းကောင်း တွေ့ရသဖြင့် မည်သည့် ရိုမန်စာလုံးပေါင်းကို ယူရပါမလဲ။ အလားတူ ဝဏ္ဏ၊ ရူပ၊ ကလျာ၊ စသဖြင့်ရှိနိုင်ပါသေးသည်။
dr.thantzinaung24@gmail.com: မြန်မာနာမည်မှာပါတဲ့ ပါဠိသက်အမည်တွေကို ရိုမန်အက္ခရာဖလှယ်တဲ့အခါ မြန်မာ-ရိုမန်နဲ့ ပါဠိ-ရိုမန် အက္ခရာဖလှယ်ပုံ ကွဲပြားမှု ရှိပါတယ်။ မြန်မာစကားမှာ အသံထွက်ပုံနဲ့ ပါဠိဘာသာစကားမှာ အသံထွက်ပုံ ကွဲပြားတာကြောင့် ဖြစ်ပါတယ်။ ပါဠိဘာသာမှာ "စ၊ ဆ၊ ဇ၊ ဈ၊ သ"တို့ကို c, ch, j, jh, s လို့ အသံထွက်ပြီး မြန်မာလို "ကျ၊ ချ၊ ဂျ၊ ဂျဟ၊ စ" လို့ ရေးနိုင်ပါတယ်။ မြန်မာစကားမှာတော့ "စ၊ ဆ၊ ဇ၊ ဈ၊ သ" sa, hsa, za, zza, tha လို့ပဲ အသံထွက်ပြီး အသံထွက်တဲ့အတိုင်း ရေးပါတယ်။ ပါဠိမှာ ထွက်တဲ့အသံထွက်က မူလအိန္ဒိယအက္ခရာများကို ထွက်တဲ့ အသံပဲဖြစ်ပါတယ်။ မြန်မာမှာတော့ အသံပြောင်းထွက်တဲ့ အသံထွက်ကို ရေးတာဖြစ်တဲ့အတွက် "ဇေယျ" ကို အက္ခရာဖလှယ်တဲ့အခါ အသံထွက်ပုံနဲ့ ရေးပုံ ကွဲပြားနေရခြင်းဖြစ်ပါတယ်။ မြန်မာနာမည်အနေနဲ့ အက္ခရာဖလှယ်မယ်ဆိုရင်တော့ မြန်မာ-ရိုမန်စနစ်ကို အသုံးပြုဖို့ဖြစ်ပါတယ်။ အလားတူ "ဝဏ္ဏ၊ ရူပ၊ ကလျာ"တို့ကိုလဲ မြန်မာ-ရိုမန်စနစ်မှာ မြန်မာစကားအနေနဲ့ ရိုမန်အက္ခရာဖလှယ်ပေးမှာ ဖြစ်ပါတယ်။ ပါဠိ-ရိုမန်စနစ်ကိုတော့ လိုအပ်တဲ့အခါ အသုံးပြုနိုင်အောင် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ မြန်မာနာမည်မှာပါတဲ့ ပါဠိသက်အမည်တွေကို ရိုမန်အက္ခရာဖလှယ်ပေးတဲ့အခါ ပါဠိ-ရိုမန်ဖလှယ်ပုံနဲ့ အနီးစပ်ဆုံးဖြစ်အောင် ဆောင်ရွက်ထားပါတယ်။
zeyakyinyunt@gmail.com: ဇေယျ ကို မြန်မာ-ရိုမန်တွင် zayya ဟုလည်းကောင်း၊ ပါဠိ-ရိုမန်တွင် jeyy ဟုလည်းကောင်း တွေ့ရသဖြင့် မည်သည့် ရိုမန်စာလုံးပေါင်းကို ယူရပါမလဲ။ အလားတူ ဝဏ္ဏ၊ ရူပ၊ ကလျာ စသဖြင့်ရှိနိုင်ပါသေးသည်။
kyawsoethein93@gmail.com: အသုံးပြုနည်း သေချာ မသိသေးပါဘူး ခင်ဗျ။
dr.thantzinaung24@gmail.com: မြန်မာနာမည်ကို ရိုမန်ဖလှယ်ဖို့အတွက် "မူလစာမျက်နှာ" မှာပါတဲ့ "မြန်မာ-ရိုမန်" ကို ရွေးပေးပါ။ "မြန်မာအမည် ရိုက်ထည့်ပါ။" ဆိုတဲ့အကွက်မှာ မိမိစမ်းသပ်လိုတဲ့ နာမည်ကို ရိုက်ထည့်ပေးပါ။ အဲဒီအခါ အောက်မှာရှိတဲ့ "မြန်မာ-ရိုမန်" အကွက်က ရိုမန်အက္ခရာဖလှယ်ထားတဲ့ နာမည်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဥပမာ- ဦးကျော်စိုးသိန်း လို့ ရိုက်ထည့်ရင် U Kyaw Soe Theinn/ ဦးကျော်စိုးသိမ်း လို့ ရိုက်ထည့်ရင် U Kyaw Soe Theimm/ ဦးကျော်စိုးသိဏ်း လို့ ရိုက်ထည့်ရင် U Kyaw Soe Theinmm လို့ အသီးသီး ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီစနစ်မှာ မြန်မာနာမည်ကို ရိုမန်ဖလှယ်တဲ့အခါ အသံအနီးစပ်ဆုံးနဲ့ အရေးကွဲပြားအောင် တည်ဆောက်ထားပါတယ်။ "မူလစာမျက်နှာ" မှာပါတဲ့ "မြန်မာအညွှန်း"မှာ ဗျည်း၊ ဗျည်းတွဲ၊ သရ ဖလှယ်ပုံနဲ့ သာဓကများကို ဖော်ပြထားပါတယ်။ "ပါဠိ-ရိုမန်" ကိုလဲ ယခုနည်းအတိုင်း စမ်းသပ်အသုံးပြုနိုင်ပါတယ်။ ပါဠိအမည်ကို စမ်းသပ်တဲ့အခါမှာ "မြန်မာ-ရိုမန်"က ထုတ်ပေးပုံနဲ့ "ပါဠိ-ရိုမန်"က ထုတ်ပေးပုံ ကွဲပြားမှာ ဖြစ်ပါတယ်။ မြန်မာနာမည်အနေနဲ့ အက္ခရာဖလှယ်မယ်ဆိုရင်တော့ မြန်မာ-ရိုမန်စနစ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
phyuphyumyint1987@gmail.com: ပါဠိ-ရိုမန်မှာ တာဝတိံသာ လို့ရေးတာ Tāvatiံsā (ံ)အဲဒါပါနေတယ်။
dr.thantzinaung24@gmail.com: ပြင်ဆင်ပြီးဖြစ်ပါတယ်။
nltun.mhdc@gmail.com: သီရိ (Thiri) ခတ္တာ (Khattar) အစရှိသည့် စကားလုံးများသည် လူအမည်ဖြစ်စေ ပန်းအမည် / အရာဝတ္ထုဖြစ်စေ နှစ်လုံးတွဲလျက်သာလျှင် အဓိပ္ပါယ်ရှိသော စကားလုံးများဖြစ်ပါသည်။ အဆိုပါစကားလုံးများထဲမှ နီလာ စာလုံးအတွဲကို ပါဠိတွင် Nīlā ဟုဖော်ပြထားသော်လည်း မြန်မာတွင် Ne Lar ဖြစ်နေပါသည်။ ပါဠိ-ရိုမန်နှင့် ဆင်တူသည့် စာလုံးပေါင်းဖြစ်သည့်အတွက် (မြန်မာစကားတွင်လည်း တွဲရေးမှသာမှန်ကန်သည့်အတွက်) Nilar ဖြစ်သင့်ပါသည်။ အလားတူ စံပယ်ပန်း မှ စံပယ်အတွက်လည်း ထို့အတူပင် ဖြစ်ပါသည်။
dr.thantzinaung24@gmail.com: မြန်မာနာမည်မှာပါတဲ့ ပါဠိသက်စကားလုံးတွေကို ပူးတွဲဖော်ပြပေးရမယ်ဆိုတာ မှန်ပါတယ်။ ပါဠိသက်နာမည်တွေကို ဖလှယ်တဲ့အခါ မြန်မာနာမည်အတွက် ဖလှယ်ပေးရတဲ့ လုပ်ဆောင်မှုမျိုးသာမက ပါဠိသက်စကားလုံးကို ပူးပေးရတဲ့ လုပ်ဆောင်မှုမျိုးပါ ပါရှိတဲ့အတွက် သီးခြားစုဆောင်းပြီး ခြွင်းချက်အဖြစ် ထည့်ထားရပါတယ်။ နီလာ၊ စံပယ် ဆိုတဲ့စကားလုံးတွေကလဲ App မှာ ခြွင်းချက်စကားလုံးများအဖြစ် ပြုစုထည့်သွင်းခဲ့စဉ်က ကျန်ခဲ့ခြင်းဖြစ်ပါတယ်။ ပါဠိသက်အဖြစ် ခြွင်းချက်ထည့်သွင်းထားတဲ့ စကားလုံးတွေဟာ ပါဠိ-ရိုမန်နဲ့ အနီးစပ်ဆုံးဖလှယ်ပါတယ်။ နောက်ထပ် ကျန်ရှိနေနိုင်သေးတဲ့ ပါဠိသက်စကားလုံးတွေကိုလဲ ပြုစုထည့်သွင်းလျက်ရှိပါတယ်။
miayeion@gmail.com: ပါဠိ စာကားလုံးများဖြစ်သော သီတာ၊ ဥမ္မာ၊ သူဇာ တို့ကို ယခု မြန်မာ-ရိုမန်တွင် ဖော်ပြပါရှိသော စာလုံးနှင့် ယခင် အသုံးပြုနေကျဖြစ်သော စကားလုံးများနှင့် အနည်းငယ်ကွာခြားသွား၍ ယခုဖော်ပြထားတာဘဲ သုံးရမည် ဟု information ပေးရမှာလားရှင့်
dr.thantzinaung24@gmail.com: သီတာ၊ ဥမ္မာ၊ သူဇာ တို့နဲ့ အသံတူ သီဒါ၊ ဥုံမာ၊ အုမ္မာ၊ သုဇာလို့ အသုံးပြုလာခဲ့ရင် အရေးကွဲပြားအောင် ဖလှယ်ပေးနိုင်ဖို့အတွက် ပါဠိသက်စကားလုံးပါတဲ့ မြန်မာနာမည်တွေကို ဒီ App က ဖလှယ်ပေးတဲ့ စနစ်အတိုင်း အသုံးပြုရမှာ ဖြစ်ပါတယ်။
miayeion@gmail.com: ပါဠိ စာကားလုံးများဖြစ်သော သီတာ၊ ဥမ္မာ၊ သူဇာ တို့ကို ယခု မြန်မာ-ရိုမန်တွင် ဖော်ပြပါရှိသော စာလုံးနှင့် ယခင် အသုံးပြုနေကျဖြစ်သော စကားလုံးများနှင့် အနည်းငယ်ကွာခြားသွား၍ ယခုဖော်ပြထားတာဘဲ သုံးရမည် ဟု information ပေးရမှာလားရှင့်
sittnaing.mcrd@gmail.com: မြန်မာ အမည် စစ် ကို sit ဟု ဖော်ပြထားပါသည်။ sitt ဟု ဖော်ပြသင့်ပါသည်။
dr.thantzinaung24@gmail.com: "အစ်" သရကို it နဲ့ ဖလှယ်တဲ့အတွက် "စစ်" ကို စာလုံးပေါင်းရာမှာ Sit လို့ ဖော်ပြခြင်းဖြစ်ပါတယ်။ "အစ်" သရက အသံ၊ အရေးရှုပ်ထွေးမှုမရှိတဲ့အတွက် ရိုမန်အက္ခရာအနည်းဆုံးနဲ့ အများစု ပေါင်းလေ့ရှိတဲ့ it နဲ့ ဖလှယ်ထားခြင်းဖြစ်ပါတယ်။ စသတ်ကို itt နဲ့ ဖလှယ်မယ်ဆိုရင် စသတ်ပါတဲ့ နာမည်တွေအားလုံး ပြင်ဆင်ဖို့ လိုအပ်သွားမှာဖြစ်ပါတယ်။ ရိုမန်အက္ခရာဖလှယ်ခြင်းဟာ နာမည်နဲ့ပတ်သက်ရင် အနက်အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက် ဘာသာပြန်ပေးတာမဟုတ်ဘဲ စံစနစ်တစ်ခုနဲ့အညီ အက္ခရာဖလှယ်နိုင်ဖို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီ App မှာ နာမည်တစ်ခုဟာ အခြားနာမည်တစ်ခုနဲ့ အသံ၊ အရေးကွဲပြားမှုရှိတယ်ဆိုရင် ဗျည်း၊ သရတွေ နှစ်ကြိမ်ထပ်အသုံးမပြုဘဲ ဖလှယ်ရအောင် အတတ်နိုင်ဆုံးစိစစ်ဆောင်ရွက်ထားပြီး လက်ရှိအသုံးပြုနေတဲ့ နာမည်တွေနဲ့လဲ ကွဲလွဲမှုအနည်းဆုံးဖြစ်ဖို့ ဖလှယ်ပေးထားပါတယ်။
2025-11-16 15:05