MYANMAR ROMANIZATION SYSTEM
🗨️ Comments
Please login to post a comment.
nyeinchan5391@gmail.com: ဟုတ်ကဲ့ခင်ဗျာ App ကို NRC , PJ တို့မှာသုံးဖို့ ရည်ရွယ် ထားတာပါ။ လိုအပ်ရင် တခြား software တွေနဲ့ တွဲသုံးလို့ရအောင် API တွေထုတ်ပေးသွားမှာပါ။
dr.thantzinaung24@gmail.com: ယွန်းရတီ အမည်ကို Yunn Yate လို့ ဖလှယ်ပေးထားပါတယ်။ Yun Yati လို့ ဖလှယ်ရင် ယွန်ရတည် ဆိုတဲ့ အမည် ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ယွန် နဲ့ အသံ၊ အရေး ကွဲပြားဖို့ ယွန်း ကို Yunn လို့ ဖလှယ်ပြီး တည် နဲ့ အရေးကွဲပြားဖို့ အတွက် တီ ကို te လို့ ဖလှယ်ခြင်း ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ သီ ကို The လို့ ဖလှယ်ရမှာ ဖြစ်ပေမဲ့ သီရိ ဆိုတဲ့ ပါဠိသက်စာလုံးကိုတော့ အသံ၊ အရေးကွဲပြားမှု နောက်ထပ် မရှိနိုင်တဲ့အတွက် Therei လို့ မပေါင်းဘဲ Thiri လို့ပဲ ဖလှယ်ပါတယ်။ ရ ကို ယ သံ Y နဲ့ ဖလှယ်ထားပေမဲ့ ရ သံ ထွက်ရင်တော့ R နဲ့ ဖလှယ်ရမှာ ဖြစ်ပါတယ်။ ကျေးဇူးပါ။
zawhtet.madb@gmail.com: Excel မှာ လင့်ချိတ်လို့ရရင်ပိုအဆင်ပြေမာပါ ၊Excel ထဲကအမည်တေကို Auto translate ပြုလုပ်နိုင်ရင် ရုံးလုပ်ငန်းတေအပေါ်မှာ အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။
nyeinchan5391@gmail.com: ဟုတ်ကဲ့ခင်ဗျာ နောက်ပိုင်း version တွေမှာ excel file upload function လေးထည့်ပေးပါမယ်။ အဲဒါဆို excel မှာ ထည့်ထားတဲ့ Name တွေကို auto translate လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။
nonuser@gmail.com: အဲ့ဒါဆို အလုပ်လုပ်ရတာ ပိုမြန်မှာပါ။
heinhtetarkarmg@gmail.com: အာကာ မှာ Arkar ဆိုပြီးတွဲရေးကြပါတယ်ဗျ
dr.thantzinaung24@gmail.com: မှန်ပါတယ်။ Arkar ဆိုပြီး တွဲရေးရမှာ ဖြစ်ပါတယ်။ ပါဠိသက်စကားလုံးဆိုရင် တွဲရေးပါတယ်။ ကျေးဇူးပါ။
theinzaw@gmail.com: အမည်တွေက ကွဲလွဲမှုရှိတာ အဲ့လိုပဲသုံးမှာလားဗျ
theinzaw@gmail.com: ဒီ app က အမည်အတွက်ပဲလား
nyeinchan5391@gmail.com: ဟုတ်ကဲ့ လူအမည် ၊ လမ်း အမည် ၊ မြို့အမည် စတာတွေ အတွက်ပါ ပါပါတယ် ခင်ဗျာ။
uaungkokoooi16332@gmail.com: စံတစ်ခုအနေနဲ့ သတ်မှတ်နိုင်ပြီဆိုရင်တော့ ယခုမှားနေကြတဲ့NRC , Driver license, စသည်တို့အတွက် အဆင်ပြေသွားမည်ဖြစ်သောကြောင့်ရုံးဌာနများနှင့်ပြည်သူများအတွက် ကောင်းကျိုးများရရှိမည်ဖြစ်ပါသည်
nyeinchan5391@gmail.com: ဟုတ်ကဲ့ခင်ဗျာ ။ အဲဒါတွေကို ရည်ရွယ်ပြီးတော့ လုပ်ထားချင်းပဲ ဖြစ်ပါတယ်။
admin@gmail.com: hello
admin@gmail.com: မေးခွန်းတွေကို ဖြေကြားပေးနေသော အကောင့်တွေက ဘယ်အဖွဲ့အစည်းကလဲဆိုတာ သိချင်ပါတယ်။ Comment တွေမှာ ဖြေပေးထားတာတွေကို Confirmed လုပ်ပြီးတေ့ တစ်သမတ်တည်း အမှန်ယူရမှာပါလား ခင်ဗျ?
paukpauk@gmail.com: မူလစာမျက်နှာတွင် name check ပြုလုပ်ခြင်းနှင့် API Documentation တွင် check ပြုလုပ်ခြင်းတို့သည် မည်သို့ကွာခြားပါသလဲ။
nyeinchan5391@gmail.com: အတူတူပါပဲ ။ API documentation က တခြား software တွေနဲ့ ပေါင်းသုံးလို့ရအောင်လုပ်ပေးထားခြင်းပဲ ဖြစ်ပါတယ်။
freelancetester@gmail.com: ဆုရတီ လို့ရိုက် ထည့်တာ Hsu Rate လို့ပေါ်နေပါတယ် ခဗျ... ယခု အသုံးပြထားတဲ့ နည်းပညာ ကို ရှင်းပြစေလိုပါတယ် ခဗျ... တချို့က ထွန်းကို Tun နဲ့ ပေါင်းကြသလို .. တချို့က Htun လို့ ပေါင်းကြပါတယ်.. ယခု စနစ်မှာကျ Htunn ဖြစ်နေပါတယ်.. Htunn ထွန်းကိုပဲအတည်ယူမှာလား ခဗျ...
dr.thantzinaung24@gmail.com: မြန်မာဗျည်း၊ ဗျည်းတွဲ၊ သရတို့ကို အင်္ဂလိပ်စာလုံးပေါင်း ဖလှယ်ပုံနဲ့ပတ်သက်ပြီး ဒီ Page ရဲ့ မြန်မာအညွှန်းမှာ ရှင်းလင်းတင်ပြထားပါတယ်။ စ/ ဆ၊ ယ/ ရ၊ ီ/ ည် တို့ကို ကွဲပြားဖို့ အခုလို သင်္ကေတပြု စာလုံးပေါင်းခြင်း ဖြစ်ပါတယ်။ Htun ကတော့ ထွန် ကို ပေါင်းတာဖြစ်ပြီး Htunn ကတော့ ထွန်းကို အနီးစပ်ဆုံး စာလုံးပေါင်းခြင်းဖြစ်ပါတယ်။ စိတ်ဝင်တစား မေးမြန်းဆွေးနွေးမှုကို ကျေးဇူးတင်ပါတယ်။
2025-07-04 07:57